Monday, June 6, 2011

အစွန်းရောက် ရလဒ်

တစ်ခါတစ်ရံ လူတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်ကြပါသလဲ?
တချို့က ပိုင်ဆိုင်ဖို့သက်သက်နှင့် မိသားစုဘဝလိုချင်၍ဖြစ်သည်။
တချို့က ခနတာပျော်ရွှင်ဖို့အတွက်ဖြစ်သည်။
တချို့ကတော့ လှတဲ့အရုပ်လေးဝယ်ချင်တဲ့သဘောဖြစ်သည်၊ ရိုးသွားတော့လည်းအရုပ်သစ်လိုချင်ကြပြန်သည်။
တချို့က အရည်အချင်းကို သဘောကျ၍ဖြစ်သည်။
တချို့က ချမ်းသာသည့်ဓနအင်အားကို ကြိုက်၍ဖြစ်သည်။
တချို့က အောင်မြင်မှုဂုဏ်ကိုမက်၍ဖြစ်သည်။
တချို့ကတော့ သနားရာမှစသည်။
တချို့က နီးစပ်မှုသက်သက်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် တစ်ခနဖြစ်ဖြစ် တစ်ဘဝဖြစ်ဖြစ် ပိုင်ဆိုင်လိုကြ၍ ကြိုးစားကြခြင်းသာဖြစ်သည်။
တစ်ခုတော့ သတိပေးချင်ပါသည်..
တစ်ပါးသူ၏ အချစ်ကိုပိုင်ဆိုင်လိုပါက မာနမရှိအောင်နေပါ
သံသယမရှိအောင်နေပါ
ယုံကြည်မှုရှိအောင်နေပါ
မျှဝေခံစားတတ်ပါစေ
ကိုယ်ချင်းစာတတ်ပါစေ
မိမိဘက်က အချစ်လွန်ကဲမှုကြောင့် တစ်ဖက်သား၏ ဘဝကို လွှမ်းမိုးထိန်းချုပ်ထားပြီး မိမိနှင့်ပတ်သက်သည့် အကြောင်းတစ်စိတ်တဒေသကိုမျှ အထိမခံ အသိမပေးချင်သည့် အတ္တမျိုးကိုရှောင်ပါ။
အမြဲတန်း ကိုယ့်စိတ်နှင့်နှိုင်းပြီးခံစားပေးတတ်အောင်ကြိုးစားပါ
အဲဒီလိုမှမဟုတ်လျှင်တော့ သင့်ဘက်မှ တစ်ဖက်သားအား မည်မျှပင်ချစ်ပြစေကာမူ တစ်ဖက်သတ်ဆန်သည့် သင့်အချစ်အတွက်
အချစ်ဟာ တစ်ဖက်သားအတွက် အမုန်းဖြစ်သွားလိမ့်မယ်၊
ဆုံဆည်းခြင်းဟာ ကွဲကွာခြင်းဖြစ်သွားလိမ့်မယ်
ယုံကြည်မှုတွေပျောက်ဆုံးပြီး သံသယတွေဖုံးလွှမ်းသွားလိမ့်မယ်
နောက်ဆုံးမှာတော့...
နာကျည်းမှုတွေပြည့်နှက်နေတဲ့ နှလုံးသားတစ်စုံရဲ့ စွန့်လွှတ်ခြင်းကိုသာ သင်ရရှိပါလိမ့်မယ်။